get-involved

ယခုပဲ သင်လှုပ်ရှားလိုက်ပါ - ရာသီဥတုဆိုင်ရာလှုပ်ရှားမှုပလက်ဖောင်းကို နည်းလမ်းသုံးမျိုးဖြင့် အထောက်အကူပြုနိုင်သည်။

M-CAN အဖွဲ့ဝင်ဖြစ်ပါ

  • ကျွမ်းကျင်သူများနှင့် တက်ကြွလှုပ်ရှားသူများ၏ ကွန်ယက်တွင် ပါဝင်ပါ ၊ အသိပညာဗဟုသုတ မျှဝေပါ ၊ အခြားသူများထံမှ သင်ယူပါ။ မြန်မာနိုင်ငံ ရာသီဥတုဆိုင်ရာလှုပ်ရှားမှုကွန်ရက် (M-CAN) သည် စေတနာ့ဝန်ထမ်း အဖွဲ့တစ်ခုဖြစ်ပြီး အရေးပေါ် ရာသီဥတုဆိုင်ရာလှုပ်ရှားမှုများ နှင့်ပတ်သတ်သော ဆွေးနွေးမှုများအတွက် အခွင့်အလမ်းကောင်းများ ပေးအပ်လျက်ရှိပါသည်။ ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့ခေတ်၏ အကြီးမားဆုံးစိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်သည့် ရာသီဥတုပြောင်းလဲမှုအား ရင်ဆိုင်တိုက််ခိုက်ခြင်းကိစ္စအတွက် ရာသီဥတုဆိုင်ရာလှုပ်ရှားမှုနှင့် အစပြုမှုများကို ဦးဆောင်နေသည့် ရာသီဥတုဆိုင်ရာ သံတမန်များနှင့် ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် အလားအလာကောင်းသော ကွန်ရက်တခု တည်ဆောက်ရန် ဖြစ်ပါသည်။ တချိန်တည်းမှာပင် လူ့အခွင့်အရေးများ၊ ပွင့်လင်းလူ့အဖွဲ့အစည်းများကို ကာကွယ်ရန်နှင့် လာမည့်မျိုးဆက်သစ်များအတွက် ရေရှည်တည်တံ့သော အနာဂတ်ကို သေချာခိုင်မာစေရန် ရည်ရွယ်ပါသည်။ အသီးသီးသော သက်ဆိုင်သူများအားလုံးကို ပေါင်းစည်းခြင်းအားဖြင့် စုပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ဖန်တီးပြီး ဤရွယ်ရွယ်ချက်အား ပြည့်မြောက်စေနိုင်မည် ဖြစ်ပါသည်။
ပိုမိုလေ့လာပါ ဤနေရာတွင်မှတ်ပုံတင်ရန်

ရာသီဥတုဆိုင်ရာလှုပ်ရှားမှုအတွက် ကတိကဝတ်

  • ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရန် သဘာဝအခြေပြု ဖြေရှင်းနည်းများကို လူထုအကျိုးပြုစံနမူနာအဖြစ် အသုံးပြုခြင်း ဆိုင်ရာပြိုင်ပွဲ
  • မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် လူနေမှုအခြေအနေများတိုးတက်စေရန် ဒေသတွင်းတီထွင်ဆန်းသစ်မှု ဖြေရှင်းနည်းများတွင် ပါဝင်ဆောင်ရွက်နေသော မိတ်ဖက်အဖွဲ့အစည်းများကို UN-Habitat Myanmar နှင့် ဥရောပသမဂ္ဂ တို့၏ “ရာသီဥတုဆိုင်ရာလှုပ်ရှားမှုအတွက် ကတိကဝတ်” အစီအစဉ်တွင် ပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။ ပြိုင်ပွဲအကြောင်းအရာမှာ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရန် သဘာဝအခြေပြု ဖြေရှင်းနည်းများကို လူထုအကျိုးပြုစံနမူနာအဖြစ် အသုံးပြုခြင်း ဖြစ်ပြီး ကျွန်ုပ်တို့အားလုံးတွင် ရပ်ရွာဒေသခံများနှင့် ထိခိုက်လွယ်မှု အများဆုံးသော အုပ်စုများကို ရာသီဥတုဆိုင်ရာ အန္တရာယ်များမှ လိုက်လျောညီထွေရှိစေရန် နှင့် ကာကွယ်နိုင်စေရန် အထောက်အပံ့ပေးရန် တာဝန်ရှိပါသည်။
  • ကျွန်ုပ်တို့သည် မြန်မာနိုင်ငံအတွင်း အောင်မြင်မှုများ အဖြစ် ရှုမြင်နိုင်သည့် တီထွင်ဆန်းသစ်သော ဒေသခံ ရာသီဥတု လှုပ်ရှားမှုများကို ရှာဖွေနေပါသည်။ ရာသီဥတုဆိုင်ရာ ချန်ပီယံတစ်ဦးအဖြစ် ကတိကဝတ်ပြုခြင်းဖြင့် ဆုများကို ရယူလိုက်ပါ။ ကမ်ပိန်းအကြောင်းပိုမိုသိရှိရန်နှင့် စည်းကမ်းချက်များကို ကြည့်ရှုရန်
ဤနေရာကို နှိပ်ပါ။ ကမ်ပိန်းတွင် ပါဝင်ပါ။

ပါဝင်ပြောဆိုပါ !

  • သင့်အကြောင်းအရာကို ဝေမျှပါ၊ သင်၏ ရာသီဥတုဆိုင်ရာလှုပ်ရှားမှု အဖြစ်အပျက် ဇာတ်လမ်းများကို ကျွန်ုပ်တို့အားပြောပြပါ၊ သင်၏ ဗီဒီယိုများ၊ ဓာတ်ပုံများ၊ အစီရင်ခံစာများ၊ ဆောင်းပါးများ၊ လက်စွဲလမ်းညွှန်များ၊ စာရွက်စာတမ်းများ၊ သို့မဟုတ် သင်ဖြန့်ဝေလိုသော မည်သည့်စာရွက်စာတမ်း၊ ဗီဒီယိုဖိုင်များကိုမဆို ကျွန်ုပ်တို့ထံပေးပို့ပါ။
  • ခံနိုင်ရည်ရှိမှု တည်ဆောက်ရေး၊ လိုက်လျောညီထွေနေထိုင်ခြင်း နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆိုးကျိုးများကိုလျှော့ချခြင်း၊ အန္တရာယ်ကင်း၍ သန့်ရှင်းသောရေ လုံလောက်စွာရရှိမှု၊ စွမ်းအင်ဖူလုံမှု၊ စားနပ်ရိက္ခာဖူလုံမှု၊ ပြည်သူ့ကျန်းမာရေးနှင့် ဘေးအန္တရာယ်လျော့ချရေး (DRR)၊ ပညာရေး၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု စသည်တို့နှင့် ဆိုင်ရာ သုတဘဏ်တွင် ပါဝင်ကူညီရန် ဖိတ်ခေါ်အပ်ပါသည်။ ကျွန်ုပ်တို့သည် အစိမ်းရောင်ဖွံ့ဖြိုးမှု၊ EbA နှင့် သဘာဝအခြေပြု ဖြေရှင်းနည်းများကို အထူးပင်စိတ်ဝင်စားပြီး လူငယ်များ ဦးဆောင်သော၊ ကျား၊မ မရွေးပါဝင်နိုင်သော ရာသီဥတုဆိုင်ရာ လှုပ်ရှားမှု၊ တိုင်းရင်းသားနှင့် ရိုးရာယဥ်ကျေးမှု အသိပညာဗဟုသုတများကိုလည်း အာရုံစိုက်လျက်ရှိပါသည်။
ပိုမိုလေ့လာရန်