မြန်မာနိုင်ငံ ရာသီဥတုဆိုင်ရာလှုပ်ရှားမှုကွန်ရက် (M-CAN) ကို (၂၀၂၃) ခုနှစ်တွင် စတင်ခဲ့ပါသည်။ ဤကွန်ရက်ကို UN-Habitat မှ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာမိတ်အဖွဲ့ (MCCA) အစီအစဉ်များ၏ ဆောင်ရွက်မှု တစ်စိတ်တစ်ဒေသအနေဖြင့် အကောင်အထည်ဖော်ကာ ဥရောပသမဂ္ဂမှ ရန်ပုံငွေထောက်ပံ့ခဲ့ပါသည်။ M-CAN သည် လက်ရှိတွင် ရာသီဥတုဆိုင်ရာ ပြောဆို ဆွေးနွေးနေမှုများထက် ကျော်လွန်ကာ ရာသီဥတုဆိုင်ရာလှုပ်ရှားမှုများကို မြှင့်တင်ရန် မိမိတို့ ဆန္ဒအလျောက် ကတိကဝတ်ပြုထားသည့် မြန်မာနိုင်ငံရှိ အစိုးရမဟုတ်သော ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူ(အဖွဲ့အစည်း/တစ်ဦးချင်း) (၂၀၀) ကျော်ဖြင့် ဖွဲ့စည်းထားသည့် ကွန်ရက်တစ်ခုဖြစ်သည်။ ပိုမိုကောင်းမွန်သော အကောင်အထည်ဖော်မှုနည်းလမ်းများကို အာရုံစိုက်ခြင်းဖြင့် M-CAN သည် မဟာဗျူဟာမြောက် မိတ်ဖက်ဖွဲ့ခြင်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်ရန်နှင့် အထူးသဖြင့် ထိခိုက်လွယ်မှု အများဆုံးသော ရပ်ရွာလူထု၏ ဒေသတွင်းရာသီဥတု လှုပ်ရှားမှုကို ထောက်ခံအားပေးရန် ရည်ရွယ်ပါသည်။
ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လိုက်လျောညီထွေချိန်ညှိပြုပြင်ရေး နှင့်စပ်လျဥ်း၍ ဘက်ပေါင်းစုံ အားနည်းချက်များကို ကိုင်တွယ်ဖြေရှင်းရန် ကဏ္ဍစုံဘက်စုံ ပူးပေါင်းဆောင်ရွက်သည့် ချဉ်းကပ်နည်းကို အသုံးပြုလျက် ရှိပါသည်။ ဤချဉ်းကပ်မှုသည် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ သက်ဆိုင်ရာနယ်ပယ် အသီးသီးမှ ပုဂ္ဂလိကကဏ္ဍနှင့် ရပ်ရွာအဖွဲ့အစည်းများကို ပေါင်းစည်းရန် နှင့် အသိပညာပေးခြင်း၊ ဆွေးနွေးခြင်းနှင့် ဒေသတွင်း ခံနိုင်ရည်ရှိမှုတို့ကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ M-CAN (မြန်မာနိုင်ငံ ရာသီဥတုဆိုင်ရာလှုပ်ရှားမှုကွန်ရက်) ကို တည်ထောင်ခြင်းသည် ရေရှည်တည်တံ့၍ ခံနိုင်ရည်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရာသီဥတုဆိုင်ရာလှုပ်ရှားမှုကို ဦးစားပေးရန် ရည်ရွယ်ချက်ဖြင့် လက်ရှိ ရာသီဥတု ပြောင်းလဲမှုကဏ္ဍတွင် အချက်အလက် အကန့်သတ်ရှိခြင်း၊ အရင်းအမြစ်ဆိုင်ရာ ပြဿနာများ နှင့် စွမ်းဆောင်ရည် အကန့်သတ်ရှိခြင်း စသည့် ကွာဟချက်များကို ရင်ဆိုင်ဖြေရှင်းရန်ပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ကဏ္ဍပေါင်းစုံ ရာသီဥတုဒဏ်ခံနိုင်စွမ်းကို မြှင့်တင်ရန်အတွက် ပိုမိုအားကောင်းခိုင်မာသော၊ ထိတွေ့ဆက်ဆံမှုရှိသော၊ အားလုံးပါဝင်သော ရာသီဥတုဆိုင်ရာကွန်ရက်ကို တည်ဆောက်ရန်။
မိတ်ဖက်ဆက်ဆံခြင်း၊ အသိပညာများ ရယူခြင်းနှင့် ဖြန့်ဝေခြင်း၊ အတွေ့အကြုံမျှဝေခြင်းနှင့် ဆန်းသစ်တီထွင်ခြင်း တို့မှ တစ်ဆင့် မြန်မာနိုင်ငံတွင် ရာသီဥတုဆိုင်ရာလှုပ်ရှားမှုများကို ထောက်ခံအားပေးရန်၊ မြှင့်တင်ရန်နှင့် တာဝန်ယူဆောင်ရွက်ရန်။
ရာသီဥတုဆိုင်ရာ အသိပညာအသစ်များ ရယူဖန်တီးခြင်းနှင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ခြင်း
ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းခိုင်မာစေခြင်း နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စကို အမျိုးမျိုးသော အစီအစဉ်များ၊ စီမံကိန်းများအကြားတွင် ပေါင်းစည်းထည့်သွင်း ဆောင်ရွက်ခြင်း
လိုအပ်ချက်နှင့်အညီ ဖန်တီးပေးထားသော သင်တန်းများ၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အသိပညာဖလှယ်မှု များမှ တစ်ဆင့် ပိုမိုအားကောင်းစွာ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း
ရာသီဥတုဆိုင်ရာလှုပ်ရှားမှုများကို အရှိန်မြှင့်တင်နိုင်ရန် ထောက်ခံစည်းရုံးခြင်း နှင့် ပိုမိုသော အရင်းအမြစ်များ စုဆောင်းစီမံခြင်း