မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာမဟာမိတ်အဖွဲ့ (Myanmar Climate Change Alliance) အစီအစဉ်သည် ရပ်ရွာလူထုအဆင့်တွင် ရာသီဥတုဒဏ်ခံနိုင်စွမ်းကို တည်ဆောက်ရန်နှင့် အသိပညာပေးခြင်း၊ အသိအမြင် မြှင့်တင်ခြင်းနှင့် ဆက်သွယ်ရေးတို့မှတစ်ဆင့် နိုင်ငံအတွင်း ရာသီဥတုကဏ္ဍ ဆွေးနွေးပွဲစကားဝိုင်းများ တိုးတက်စေရန်အတွက် အဓိက ပါဝင်ပတ်သတ်သူများနှင့် ထိတွေ့ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံရှိ မတူညီသော ပထဝီရာသီဥတုဇုန်များမှ လေ့လာသင်ယူခြင်းဖြင့် ကျွန်ုပ်တို့သည် ကာဗွန်ဒိုင်အောက်ဆိုဒ် လျော့နည်း၍ ရာသီဥတုဒဏ်ခံနိုင်သော အနာဂတ်ဆီသို့ ကူးပြောင်းခြင်းအတွက် အထောက်အကူပြုနိုင်ပါသည်။ တိုင်းရင်းသားများ၏ အခန်းကဏ္ဍ၊ ပဋိပက္ခကြောင့် မကြာသေးမီက နေရပ်အိုးအိမ်စွန့်ခွာခဲ့ရသော လူဦးရေ၏ ကြီးမားလာသော လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပြီး ဒေသတွင်း ရာသီဥတုဆိုင်ရာလှုပ်ရှားမှုအတွက် ကျား၊မ မရွေးပါဝင်နိုင်သော၊ လူငယ်များနှင့် လူမှုရေးအရ အားလုံးပါဝင်သော အသွင်ကူးပြောင်းရေး နည်းလမ်းများသည် အလွန်အရေးကြီးစွာ လိုအပ်လျက်ရှိပါသည်။
မြန်မာနိုင်ငံသည် မြေမျက်နှာသွင်ပြင်အားဖြင့် အဓိကဒေသ (၈) ခုဖြစ်သည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ၊ အလယ်ပိုင်း ခြောက်သွေ့ဇုန် ၊ မြောက်ဘက် တောင်တန်းဒေသ ၊ ရခိုင် ကမ်းရိုးတန်းဒေသ ၊ အရှေ့ပိုင်း တောင်တန်းဒေသ ၊ တောင်ပိုင်း ကမ်းရိုးတန်းဒေသ ၊ ရန်ကုန် မြစ်ဝကျွန်းပေါ်ဒေသနှင့် တောင်ဘက် ကုန်းတွင်းပိုင်းဒေသ စသည်တို့ဖြင့် ပါဝင်ဖွဲ့စည်းထားပါသည် ။ ဤကွဲပြားခြားနားသော မြေမျက်နှာသွင်ပြင်များသည် ရာသီဥတုနှင့် ဆက်စပ်မှုအားဖြင့် အနည်းငယ်သာရှိပါသည်။ အဘယ်ကြောင့်ဆိုသော် မြေပြင်အနေအထား အနိမ့်အမြင့် သို့မဟုတ် မြေပြင်တည်ရှိမှုပုံစံ ကွဲပြားခြားနားခြင်းသည် ရာသီဥတုဆိုင်ရာ ကွဲပြားခြားနားမှုများနှင့် ဆက်စပ်သည်ဟု မဆိုနိုင်သောကြောင့် ဖြစ်ပါသည်။
နှစ်အလိုက် ရာသီဥတုပုံစံများအပြင် ရာသီအလိုက် အပူချိန်နှင့် မိုးရွာသွန်းမှုသည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကွဲပြားခြားနားလျက်ရှိပြီး အောက်ပါမြေပုံတွင် အကျဉ်းချုပ် ဖော်ပြထားပါသည်။ မြေပုံတွင် ရပ်ရွာလူထု ကြုံတွေ့ရသည့် ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုများ၏ ကွဲပြားခြားနားမှုများနှင့် ဒေသအသီးသီးတွင် လုပ်ဆောင်ခဲ့သော လုပ်ဆောင်ချက်များ ၏ နမူနာများကို ဖော်ပြထားပါသည် ။ MCCA2 အစီအစဉ်အရ ဤမြေမျက်နှာသွင်ပြင်ဒေသများကို ရာသီဥတု အမျိုးမျိုးအတွက်သာမက လူသားအခြေချ နေထိုင်မှုဆိုင်ရာ အရေးကိစ္စရပ်များ အတွက်ပါ လိုက်လျောညီထွေရှိစေရန်အတွက် တောင်တန်းဒေသ ၊ ပူပြင်းခြောက်သွေ့ဇုန် ၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြို့ပြဒေသ ဟူ၍ အဓိက ကြားဝင်ဆောင်ရွက်ရေး ပထဝီရာသီဥတုဇုန် လေးခုဖြင့် အကျဉ်းချုံးဖော်ပြထားပါသည်။ ဤ ကြားဝင်ဆောင်ရွက််မှုများကို ရပ်ရွာလူထုနှင့် သက်ဆိုင်သူများအားလုံးတို့၏ ပံ့ပိုးမှု၊ ပူးပေါင်းပါ၀င်မှုတို့ဖြင့် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။
ဥပမာအားဖြင့်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် အပူပိုင်းမုန်တိုင်းများနှင့် ဆိုင်ကလုန်းမုန်တိုင်းများကြောင့် မုန်တိုင်းဒီရေမြင့်တက်လွယ်သော ဒေသဖြစ်သည်။ မြို့ကြီးများနှင့် ကျေးရွာများတွင် ဖြစ်ပွားသော ရေကြီးရေလျှံမှုများကို တားဆီးရန်အတွက် အလားအလာရှိသော အဖြေတစ်ခုမှာ နှစ်ပေါင်းများစွာ ပျက်စီးနေသော ရှိနှင့်ပြီးသား ဒီရေတောဒေသများကို ပြန်လည်ထူထောင်ရန် ဖြစ်သည်။ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များနှင့် ဆက်စပ်သော အဖြေများ ၏ နောက်ထပ် ဥပမာများကို ပထဝီရာသီဥတုဆိုင်ရာ ဒေသတစ်ခုခြင်းစီအတွက် ညာဘက်ရှိ မြေပုံတွင် စူးစမ်းလေ့လာနိုင်ပါသည်။
ဒေသတွင်း ရာသီဥတုဆိုင်ရာလှုပ်ရှားမှု အစီအစဉ်ကို ရိုးရှင်းသော အဆင့်သုံးဆင့်ဖြင့် တည်ဆောက်ထားပါသည်။ ပထမအဆင့်အနေဖြင့် ရပ်ရွာလူထုအခြေပြု ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိခိုက်လွယ်မှု အကဲဖြတ်ခြင်း (CCVAs) ကို လုပ်ဆောင်ခဲ့ပါသည်။ CCVAs သည် မြို့နယ်လူထု ၏ တစိတ်တပိုင်းကို ထိတွေ့ဆက်ဆံရန်နှင့် ရာသီဥတုအန္တရာယ်များ၊ ဘေးအန္တရာယ်များ နှင့် ယင်းတို့၏ အကျိုးသက်ရောက်မှုများကို မြေပုံရေးဆွဲရန်အတွက် ရပ်ရွာအခြေပြု အသိပညာကို အသုံးချရန် ရည်ရွယ်ပါသည်။ CCVAs သည် ဒေသတွင်း ရာသီဥတုဆိုင်ရာလှုပ်ရှားမှု အစီအစဉ်များ (LCAPs) ကို ကြားဝင်ဆောင်ရွက်မှု အဆင့်အမျိုးမျိုး ၌ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အားဖြည့်ပေးပါသည်။ ရပ်ရွာလူထုအခြေပြုချဉ်းကပ်မှု နှင့်အတူ IPCC ဒေတာအချက်အလက်များကို အသုံးပြု ၍ ရာသီဥတုမော်ဒယ်စံပြ ပုံစံရေးဆွဲခြင်းကို ပြုလုပ်ခဲ့သည် ။ အရေအတွက်နည်း နှင့် အရည်အသွေးနည်း နှစ်ခုစလုံး ဖြင့်ပြုလုပ်ခဲ့သော ပထဝီရည်ညွှန်းချက် စိစစ်လေ့လာမှုကို LCAPs ၏ အစိတ်အပိုင်းအဖြစ် အသုံးပြုခဲ့ပါသည်။