"Urban October 2024" ၏ အစိတ်အပိုင်းအဖြစ်၊ မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် နေထိုင်သူများ၏ လူနေမှုအခြေအနေများကို တိုးတက်စေရန် ဒေသတွင်း တီထွင်ဆန်းသစ်မှု ဖြေရှင်းနည်းများတွင် ပါဝင်ဆောင်ရွက်နေသော မိတ်ဖက်အဖွဲ့အစည်းများကို UN-Habitat Myanmar နှင့် ဥရောပသမဂ္ဂ တို့၏ "ရာသီဥတုဆိုင်ရာလှုပ်ရှားမှုအတွက် ကတိကဝတ်" အစီအစဉ်တွင် ပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။
၂၀၂၄ အတွက် အကြောင်းအရာ : ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် သဘာဝအခြေပြု ဖြေရှင်းနည်းများကို လူထုအကျိုးပြုစံနမူနာအဖြစ် အသုံးချခြင်း
ဆု
Grand Prize ဆုရရှိသူသည် ဆုကြေးအပြင် :
- မြန်မာနိုင်ငံရာသီဥတု ရက်သတ္တပတ် ၂၀၂၅ တွင် မိမိ၏ပရောဂျက်ကို ပြသရန် ဖိတ်ခေါ်ခြင်း
- ရာသီဥတုဆိုင်ရာ သံတမန် အဖြစ် အထူးအသိအမှတ်ပြုခြင်း
- UN-Habitat ဝဘ်ဆိုက်နှင့် M-CAN Portal များတွင် မိမိ၏ဖန်တီးမှုများကို ပြသနိုင်ခြင်း
- မြန်မာနိုင်ငံ ရာသီဥတုဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ် အတွင်း အထူးပြသခန်း တစ်ခုရရှိခြင်း (ခရီးသွားခြင်းနှင့် နေထိုင်ရန် အစီအစဉ်များ ပံ့ပိုးပေးပါသည်)
-ရာသီဥတုဆိုင်ရာ ချန်ပီယံဆု နှင့် အသိအမှတ်ပြုလက်မှတ် ပေးအပ်ခြင်း
- နောက်ဆုံးဇကာတင်ကျန်ရှိသူ အားလုံးသည် ရန်ကုန်တွင်ကျင်းပမည့် မြန်မာနိုင်ငံ ရာသီဥတုဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ် ၂၀၂၅ ကိုတက်ရောက်ရန် ခရီးသွားခြင်းနှင့် နေထိုင်ရန် အစီအစဉ်များ ပံ့ပိုးပေးခြင်း
- UN-Habitat ဝဘ်ဆိုက်နှင့် M-CAN Portal များတွင် မိမိ၏ဖန်တီးမှုများကို ပြသနိုင်ခြင်း
ကျွန်ုပ်တို့အတူ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော အနာဂတ်ကို တည်ဆောက်ကြပါစို့!
ယှဉ်ပြိုင်မှုတွင် ပါဝင်ရန်၊ ရာသီဥတုဆိုင်ရာ လှုပ်ရှားမှုကို ဤနေရာတွင် တင်သွင်းပါ: လျှောက်လွှာ ဖောင်Application Form
တင်သွင်းရမည့် နောက်ဆုံးရက်: ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်
ပိုမိုသိရှိရန်နှင့် စည်းကမ်းချက်များကို ကြည့်ရှုရန် ဤနေရာကို နှိပ်ပါ။ ရာသီဥတုဆိုင်ရာလှုပ်ရှားမှုအတွက် ကတိကဝတ်! (canva.com)
၂၀၂၅ ခုနှစ်အတွက် လျှောက်လွှာများ ဖိတ်ခေါ်မှုကို အခုဖွင့်လှစ်ပါပြီ!
ရွေးချယ်မှု လုပ်ငန်းစဉ်
အောင်မြင်သူ ၁၀ ဦးကို ပေါင်းစပ်လုပ်ငန်းစဉ်ကို အသုံးပြု၍ရွေးချယ်မည်ဖြစ်ပြီး ယင်းတွင် ပရိသတ်များမှ လူမှုမီဒီယာပေါ်တွင် မဲပေးခြင်းစနစ်နှင့် MCAN မိတ်ဖက်အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသော တရားသူကြီးအဖွဲ့မှ မဲခွဲခြင်းတို့ ပါဝင်ပါမည်။ လုပ်ငန်းစဉ်၏ နောက်ဆုံးဆုံးဖြတ်ချက်မှာ အတည်ဖြစ်ပြီး ပြန်လည်ဆန်းစစ်မည်မဟုတ်ပါ။
ရာသီဥတုဆိုင်ရာလှုပ်ရှားများသည် ရှုပ်ထွေးနေရန်မလိုပါ၊ကျွန်ုပ်တို့ တဦးချင်းစီတွင် လုပ်နိုင်သည့်အရာ အများကြီးရှိပါသည်။ ကျွန်ုပ်တို့ ၏ ပုဂ္ဂလရွေးချယ်မှုများ၊ စားသုံးသူ ရွေးချယ်ပိုင်ခွင့်များ၊ ရွေ့လျားသွားလာ စားသုံးခြင်း ပုံစံများ စသည်တို့သည် ၂၀၄၀ တွင် အသားတင် ကာဗွန်ထုတ်လွှတ်မှု သုည ထိရောက်ရှိရန် ကူညီပေးနိုင်ပါသည်။
ရာသီဥတုဆိုင်ရာလှုပ်ရှားမှု ၏ ရိုးရှင်းသောဥပမာအချို့မှာ -
သစ်ပင်များစိုက်ပျိုးပြီး သစ်တောပြန်လည်တည်ထောင်ရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီခြင်း။
စွမ်းအင်ထိရောက်သက်သာသော အိမ်သုံးပစ္စည်းများကို အသုံးပြုခြင်းဖြင့် လျှပ်စစ်မီးများကို အသုံးမပြုသည့်အခါ ပိတ်ထားခြင်းဖြင့် နေအိမ်ရှိ စွမ်းအင်သုံးစွဲမှုကို လျှော့ချခြင်း။
အလုပ်သို့မဟုတ် ကျောင်းသွားရာတွင် စက်ဘီး သို့မဟုတ် လမ်းလျှောက်၍ သွားပါ၊ သို့တည်းမဟုတ် အများပြည်သူသယ်ယူပို့ဆောင်ရေးကိုအသုံးပြုခြင်း။
သင်၏ အိမ် သို့မဟုတ် လုပ်ငန်းအတွက် နေရောင်ခြည်စွမ်းအင်သုံး တာဘိုင်များ (သို့မဟုတ်) လေရဟတ်တာဘိုင်များကဲ့သို့သော ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များကို ရင်းနှီးမြှုပ်နှံခြင်း။
စွန့်ပစ်ပစ္စည်းများ အနည်းဆုံးဖြစ်စေရန်နှင့် အရင်းအမြစ်များကို ထိန်းသိမ်းရန်အတွက် လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် ပြန်လည်အသုံးချခြင်း နည်းလမ်းများကို ကျင့်သုံးခြင်း။
ယိုစိမ့်မှုများကိုပြုပြင်ခြင်း၊ အချိန်တိုတို ရေချိုးခြင်း၊ ရေချွေတာရေး ပစ္စည်းကိရိယာများ အသုံးပြုခြင်း စသည်တို့ဖြင့် ရေကို ချွေတာထိန်းသိမ်းခြင်း။
စိုက်ပျိုးရေးမှ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရန် အပင်ထွက်အစားအစာ များကို ရွေးချယ်စားသုံးပါ သို့မဟုတ် အသားစားသုံးမှုကို လျှော့ချခြင်း။
သင်ကိုယ်တိုင်နှင့် အခြားသူများအား ရာသီဥတုပြောင်းလဲမှုနှင့် ယင်း၏ အကျိုးသက်ရောက်မှုများကို သင်ကြားပေးခြင်း။
ရေရှည်တည်တံ့ခိုင်မြဲမှုကို မြှင့်တင်ပေးသော၊ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချပေးရန် ရည်ရွယ်သော မူဝါဒများနှင့် တက်ကြွဆောင်ရွက်မှုများကို ကူညီပံ့ပိုးခြင်း။
သဘာဝအသိုက်အမြုံနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်၊ ကာကွယ်စောင့်ရှောက်ရန် ထောက်ခံအားပေးခြင်း။